ကောင်းဝါ ဇွန် ၂၂ ၊ ၂၀၂၃။
ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက် ရှိ သာသနာပြု ဓမ္မစက်ြာကျောင်းတိုက် (ခေါ်) တောင်ပေါ်ဓါတ်တိုင်ကျောင်း၌ သံဃာတော်တစ်ပါးကို ဇွန်လ ၂၀ ရက် ညပိုင်းတွင် လူတစ်စုက သတ်ဖြတ်ပြီး အိမ်သာကျင်းအတွင်းပစ်ချကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွားခဲ့သည်။
“အသတ်ခံရတဲ့ သံဃာတော်အလောင်းကို အိမ်သာကျင်းမှာ သူတို့ပစ်ထားတာ ပြန်ရှာတွေ့ပါတယ်။ လောလောဆယ် လက်သည်တွေဖြစ်တဲ့ ရဲလင်းထွန်း (ခ) ငမျောက်၊ ဘိုဘို နဲ့ အနှေး တို့ (၃) ဦးကို ဖမ်းမိပြီ ကျန်တဲ့ သိန်းဇော်က ထွက်ပြေးတိမ်းရှောင်နေတယ်။ သူတို့အားလုံးက မိုးနှိုင်းရပ်ကွက်ကပဲ” ဟု ဆယ်အိမ်မှူးတစ်ယောက်က ကပြောကြားသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း အထက်ပါလူတစ်စု အရက်သောက်စားနေစဉ် ဦးကောသလ္လ (ခ) ဦးဖောင်စိန် အသက် (၆၀ နှစ်)နှင့် စကားများ ရန်ဖြစ်ရာမှ ၎င်းတို့က ရဲဒင်းဖြင့် ခုတ်သတ်ပြီးနောက် ကျောင်းတိုက်အနောက်ပိုင်းရှိ အိမ်သာကျင်းထဲပစ်ချ၍ အလောင်းဖျောက်ဖျက်ကာ ထွက်ပြေးတိမ်းရှောင်သော်လည်း လက်သည်ဟုယူဆရသူ ၃ ဦးကို ရဲဖမ်းမိထားပြီး တစ်ဦးမှာလွတ်မြောက်နေသေးကြောင်း သိရသည်။