ကောင်းဝါ ဇွန် ၂၂၊၂၀၂၃။
ထိုင်းနိုင်ငံသို့ အလုပ်သမားပို့ဆောင်နေသည့်အေဂျင်စီ ကုမ္ပဏီ ၆ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ယာယီပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံသို့ မြန်မာလုပ်သားများတင်ပို့နေသော ကုမ္ပဏီ ၁၅၇ ရှိသည့်အနက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေမန္တလာမေကုမ္ပဏီ၊ မရမ်းကုန်းမြို့နယ်ရှိ မြင့်မြတ်တံခွန်ကုမ္ပဏီ၊ အင်းစိန်မြို့နယ်ရှိ ပိုးပိုးနှင့် ဖြိုးသန္တာထွန်းကုမ္ပဏီတို့ကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ၆ လ ပိတ်သိမ်းထားကြောင်း သိရသည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Top Choice Man Power ကုမ္ပဏီ၊ မြောက်ဒဂုံမြို့နယ်ရှိ ရွှေဖြိုး သာကုမ္ပဏီ၊ လှိုင်မြို့နယ်ရှိ ဖြူစင်မေကုမ္ပဏီတို့ကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်နှစ်ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။
MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားအချို့သည် အလုပ်မှထုတ်ပယ်ခံရမှုများ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက MoU စာချုပ်ဖြင့် ထိုင်းသို့လာရောက်သည့် မြန်မာနိုင်ငံသားများ ၁၀၀၀ ကျော်အထိ အလုပ်ထုတ်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။