ကောင်းဝါ ဇွန် ၂၀၊ ၂၀၂၃။
ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့အခြေစိုက် မြန်မာစစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးခဲ့သူ မိထွေးကြည်၏ ကျန်ရစ်သူမိသားစုအား ယနေ့နေ့လယ်ပိုင်းတွင် မွန်ပြည်သစ်ပါတီက နှစ်သိမ့်စကားသွားရောက်ပြောကြားပြီး ငွေကျပ် ၁၀ သိန်းထောက်ပံ့ခဲ့ကြောင်း မွန်ပြည်သစ်သတင်းစဥ်မှ သိရသည်။
မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်အတွင်းရေးမှူး နိုင်အာကာ၊ ရေးမြို့ဆက်ဆံရေးရုံးတာဝန်ခံနှင့် ထားဝယ်ခရိုင်တပ်ရင်းမှ အရာရှိအချို့လိုက်ပါ၍ သေဆုံးသူအတွက် ရက်လည်ဆွမ်းသွပ်သည့်နေ့ရက်တွင် သွားရောက်ထောက်ပံ့ခြင်း ဖြစ်သည်။
အလားတူ ခေါဇာအခြေစိုက် ခလရ ၃၁ အရာရှိတစ်ဦးကလည်း ကျန်ရစ်သူမိသားစုအား ကြေအေးပေးရန် အနီးတဝိုက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးများရှေ့မှောက်တွင် ဇွန်လ ၁၈ ရက်က လျှော်ကြေးငွေကျပ် ၂ သိန်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာခွဲအချိန်က ခလရ ၃၁ မှပစ်ခတ်သော လက်နက်ကြီးတစ်လုံး ဝင်းတမော့(ကျောက်အိုင်) ရွာနေ မိထွေးကြည် အသက် (၄၀ နှစ်) ၏ ဦးခေါင်းထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။